စာရေးသူ

အားလုံးမြင်နိုင်ရန်
Monica La Rose

မိုနီကာလာရို့စ်

မိုနီကာ (ဘရန်းစ်) (Monica Brands)သည် Illinois ပြည်နယ်၊ Palos Heights မြို့ရှိ Trinity Christian College တွင် အင်္ဂလိပ်ဘာသာရပ်နှင့် ဓမ္မပညာများကို ဆည်းပူးခဲ့သည်။ ထို့နောက် Michigan ပြည်နယ်၊ Grand Rapids မြို့ရှိ Calvin Seminary ကျမ်းစာကျောင်းမှ မဟာဘွဲ့ (ဓမ္မပညာ)ကို ဆွတ်ခူးခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တွင် သူမသည် ဂီတပညာရှင်နှင့် လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဖြစ်သော ဘန်း လာရို့စ် (Ben La Ros)နှင့် လက်ထပ်ခဲ့သည်။ သူတို့ဇနီးမောင်နှံသည် မိတ်ဆွေများ၊ မိသားစုဝင်များ၊ သူတို့၏ Heathcliff နှင့် Mystique ဟုခေါ်သော ကြောင်နှစ်ကောင်နှင့် အတူရှိသောအချိန်ကို သူအလွန်တန်ဖိုးထားသည်။

စာမူ/ အကြောင်းအရာ များ မိုနီကာလာရို့စ်

အသက်တာတစ်ခုကို ပြောင်းလဲစေသောနည်းလမ်း

တစ်ခါတစ်ရံ အခြားသူတစ်ဦး၏တန်ခိုးနှင့်ပြည့်စုံသော အသက်တာအားဖြင့် တစ်ခဏခြင်းတွင် ဘ၀အသက်တာများ ပြောင်းလဲသွားနိုင်သည်။ ရော့အင်ရိုး ဂန္တ၀င်  အဆိုတော် ဘရုစ်စပရင်းစ်တင်း သည် ကြမ်းတမ်းသောငယ်ဘ၀အတွေ့အကြုံ နှင့် စိတ်ကျရောဂါကို ဆက်တိုက် ခံစားနေရလျက် ရုန်းကန်ရချိန်တွင် ထိုတေးဂီတက သူ့ကို ဖေးမပေးခဲ့သည်။ သူရေးစပ်သောသီချင်းတွင်  သူကိုယ်တိုင် ခံစားခဲ့ရသည့်အတိုင်း  ‘‘သင်သည် လူတစ်ယောက်၏ဘ၀ကို စစ်မှန်သောသီချင်းဖြင့် ၃ မိနစ်အတွင်း ပြောင်းလဲစေနိုင်သည်’’ ဟူ၍ ရေးစပ်ခဲ့သည်။

ဤသို့ စိတ်ဓာတ်လှုံ့ဆော်ပေးသော သီချင်းနည်းတူ အခြားသူများ မှန်ကန်စွာ ရွေးချယ်ပြောဆိုသော  စကားလုံး များက ကျွန်ုပ်တို့အား မျှော်လင့်ခြင်း ပေးနိုင်ရုံမက အသက်တာကိုပါ ပြောင်းလဲစေနိုင်သည်။ လောကအပေါ် မြင်သောအမြင်ကို ဆရာတစ်ဦး၏ဆုံးမစကားက ပြောင်းလဲစေသကဲ့သို့ တိုက်တွန်း ခွန်အားပေးသည့်စကားက ယုံကြည်မှုကို ပြန်လည်ဆောက်တည်ပေးသည်။ ဘ၀၌  အခက်အခဲကြုံရစဉ် မိတ်ဆွေတစ်ဦး၏နူးညံ့သောအားပေးစကားက ဆက်လက်၍ ကြံ့ကြံ့ခံရပ်တည်စေသည်။ စသည်ဖြင့် မိမိအသက်တာကို တစ်သက်လုံး တည်ဆောက်…

အပြင်မှအတွင်းသို့လား

‘‘အတွင်းမှအပြင်သို့ပြောင်းလဲခြင်းလား (သို့) အပြင်မှအတွင်းသို့ပြောင်းလဲခြင်းလား’’ ဟူသည့် ခေါင်းစီးစာသားက မျက်မှောက်ခေတ် လူကြိုက်များသော ခေတ်ရေစီးကြောင်း ကို ထင်ဟပ်ဖော်ပြသည်။ အလှပြင်ပေါင်းတင်၊ ဆံပင်ပုံစံ၊ ကိုယ်နေဟန်ထား လှပအောင် ပြင်ဆင်ခြင်း စသည့် အပြင်ပန်းပြောင်းလဲမှုတို့သည် အတွင်းစိတ်ခံစားချက်သာမက ဘ၀ကိုပင် ပြောင်းပစ်နိုင်သည့် နည်းလမ်းအလွယ်များ ဖြစ်ကြောင်း ဆိုလိုသည့်သဘောဖြစ်သည်။  

သဘောကျချင်စရာ အယူအဆပါ။ ပုံပန်းသဏ္ဌာန် အသစ်ကို လွယ်လွယ်ပြောင်းလဲပစ်သကဲ့သို့ ဘ၀ကိုအလွယ် တကူ တိုးတက်ပြောင်းလဲနိုင်လျှင် မပြောင်းလဲလိုသူ ဘယ်မှာရှိမည်နည်း။ ပြောင်းလဲရန် မဖြစ်နိုင်ဟုထင်ရသည့် နက်နဲစွာ အမြစ်စွဲနေသည့် အကျင့်များကို ပင်ပန်းခက်ခဲစွာ ကြိုးစား ရှင်းလင်းပစ်ရကြောင်း ကျွန်ုပ်တို့အသိဆုံးပါ။ အပြင်ပန်း ပြောင်းလဲမှုများကို အာရုံစိုက်ခြင်းက လူမှုဘ၀တိုးတက်ပြောင်းလဲရေးအတွက် မြန်ဆန် လွယ်ကူသည့် နည်းလမ်းရှိကြောင်း မျှော်လင့်ချက်ပေးနေသည်။

ထိုပြောင်းလဲမှုများက လူမှုဘ၀ကို ပြောင်းပစ်နိုင်သော်လည်း မိမိကိုယ်တိုင် ပြောင်းလဲရန်မစွမ်းသော သာ၍နက်နဲသောပြောင်းလဲမှုကိုရှာဖွေရန် နှုတ်ကပတ်တော်မှ  ဖိတ်ခေါ်နေသည်။ ဂလာတိ ၃ ၌…

ဘုရားသခင် ကိုင်ဆွဲတော်မူ၏

ကျွန်မ၏ ညီမ၊ သူ၏ကလေးများနှင့်အတူ ကျွန်မတို့ နေ့လယ်စာ စားပြီးခါနီးအချိန်တွင် ညီမဖြစ်သူက သုံးနှစ်အရွယ်သူ့သမီးလေး အယ်နီကာ အား ‘‘နေ့လယ် တရေးတမောအိပ်ရမဲ့အချိန်ရောက်ပြီ’’ ဟုပြောလိုက်သည်။ သူလေး၏မျက်နှာတွင် အချက်ပြသည့် အရိပ်အယောင်အပြည့်ပင်။ ‘‘ဒါပေမဲ့ အန်တီ မော်နီကာ က သမီးကို ဒီနေ့ မချီရသေးဘူး’’ ဟု မျက်ရည်အ၀ိုင်းသားနှင့် ပြောလိုက်သည်။ ကျွန်မညီမလည်းပြုံးပြီး ‘‘အိုကေ၊ ဒါဆို အန်တီက သမီးကိုချီပေးမယ်၊ ဘယ်လောက်ကြာကြာ ပွေ့ချီပေးရမလဲ’’ ဟုမေးလိုက်ရာ သူက ‘‘ငါးမိနစ်’’ ဟု ပြန်ဖြေလိုက်သည်။
တူမလေးကို ပွေ့ချီရင်း တစ်ပါးသူကိုချစ်ခြင်း၊ မိမိက အချစ်ခံရခြင်း အကြောင်းကို တကူးတက စဉ်းစားစရာမလိုဘဲ သူက အမြဲပင် သတိပေးအမှတ်ရစေသည့်အတွက် ကျွန်မ ကျေးဇူးတင်မိသည်။ ကျွန်မတို့၏ယုံကြည်ခြင်းအသက်တာခရီးစဉ်၌ မိမိ၏ဉာဏ်ဖြင့် မသိနိုင်သော ဘုရားသခင်၏မေတ္တာတော်ကို (ဧ ၃း၁၈) ပို၍ အပြည့်အ၀ တွေ့ကြုံ…

ပို့ဆောင်ပေးမည်

မကြာသေးမီက ကောလိပ်တက်စဉ်က ရေးခဲ့သည့်စာမူများကို ပြန်တွေ့ရာ၊ ပြန်မဖတ်ဘဲ မနေနိုင်ခဲ့ပါ။ အချိန်ပေးပြီး စာမူအားလုံးကို ဖတ်ပြီးသွားသောအခါ ယနေ့ ခံစားနေရသကဲ့သို့ ထိုအချိန်က ခံစားချက်တို့ မတူညီကြောင်း မိမိကိုယ်မိမိ သိလိုက် သည်။ အထီးကျန်မှုများ၊ ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ သံသယများနှင့် ရုန်းကန်ခဲ့သည့် ထိုကာလများတွင် နားမလည်နိုင်ခဲ့သော်လည်း၊ ယခု နောက်ပြန်လှည့်ကြည့်မှ ဘုရားရှင်သည် သာ၍ ကောင်းသော အရပ်သို့ မည်သို့ပို့ဆောင်ခဲ့သည်ကို ရှင်းလင်းစွာ မြင်ရသည်။ ထိုခက်ခဲသောနေ့ရက်များကို ကျော်ဖြတ်၍ ညင်သာစွာ ပို့ဆောင်ခဲ့သော ဘုရားရှင်၏လက်တော်ကို မြင်ရခြင်းဖြင့် ယနေ့ကြုံတွေ့ရသော နားမလည်နိုင်မှုများသည် အနာ သက်သာငြိမ်းစေသော ကိုယ်တော်၏မေတ္တာတော်ကို ဖော်ကျူးမည့် သက်သေ ဖြစ်မည် ဟုသတိပေးလာသည်။
ဆာလံ ၃၀ သည်လည်း အနာငြိမ်း၍ချမ်းသာရခြင်း၊ သေဘေးမှလွတ်မြောက်စေခြင်း၊ ဘုရားသခင်စီရင်၍ ကိုယ်တော်၏မျက်နှာသာပေးမှုကို ခံစားရခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေခြင်း စသည်ဖြင့်…

ပြည့်ဝသော အသက်တာသို့

ကျွန်မညီမ၏ မိသားစုအိမ်သို့ သွားရောက်လည်ပတ်စဉ် တူတော်မောင်လေးက သူတို့ အိမ်မှုကိစ္စ ဆောင်ရွက်မှုများကို ရေးမှတ်ထားသည့် လျှပ်စစ်ဘုတ်ပြားအသစ်ကို ဝမ်းသာ အားရ ပြပါသည်။ ရောင်စုံမီးသီးလေးများက သူတို့ လုပ်ဆောင်ခဲ့သည့်အရာများကို မှတ်တမ်းတင်ထားသည်။ အလုပ်ကောင်းကောင်းလုပ်ပါက အစိမ်းရောင်မီးလုံးကို နှိပ်နိုင်ပြီး ရမှတ်တိုးလေလေ မုန့်ဖိုးတိုးလေလေ ဖြစ်သည်။ ဥပမာ- အိမ်နောက်ဖေးတံခါး မပိတ်ဘဲ ထွက်သွားခြင်းကဲ့သို့ မကောင်းသောအမူအကျင့်မျိုးဆိုလျှင် စုစုပေါင်းရမှတ်ထဲမှပြန်နှုတ်ခံရသည်။ အမှတ်များများရပါက ကွန်ပြူတာ ကစားချိန်ကဲ့သို့ စိတ်ဝင်စားစရာ ဆုကောင်းကောင်းရပြီး၊ မလိမ္မာပါက အမှတ်လျော့သောကြောင့် တူတော်မောင် များသည် ကိုယ့်တာဝန် ကိုယ်သိပြီး၊ တံခါးပိတ်ရန်လည်း မပြောရတော့ပါ။
စိတ်လှုပ်ရှားဖွယ် အားပေးလှုံ့ဆော်မှုကို ဖြစ်စေ သော ဤသို့တီထွင်ထားသောပစ္စည်းလေး ကျွန်မ၌ ရှိလျှင်လည်း ကောင်းမည်ဟု ရယ်စရာ တွေးမိပါသည်။ နာခံခြင်းရှိရန် ရိုးရိုးလေးမိန့်မှာကြားခြင်းထက်၊ သခင်ယေရှုက သူ၏နောက်တော်လိုက်ခြင်းသည် အဖိုးအခများစွာ ပေးဆပ်ရသော်လည်း ကြွယ်ဝ ပြည်စုံသော အသက်တာကိုပေးရန်…

အိမ်သန့်ရှင်းရေးလုပ်ခြင်း

မကြာသေးမီက ငှားရမ်းထားသောအိမ်သို့ ကျွန်မ ရွှေ့ပြောင်းခဲ့သည်။ အိမ်ခန်းအသစ်သို့ (များလှသော) အရှုပ်ထုပ်များကို ပြောင်းရွှေ့လိုက်ယုံလေး မလုပ်လို၊ လုံးဝ ဆန်းသစ်ပြီး ရှင်းရှင်းလင်းလင်းဖြစ်လိုခြင်းကြောင့် ထင်ထားသည်ထက် အချိန်ပိုယူခဲ့ရသည်။ နာရီပေါင်းများစွာ သန့်ရှင်းရေးလုပ်၊ ပစ္စည်းများနေရာချ၊ လွှင့်ပစ်မည့် ပစ္စည်းထုပ် များကို ရှေ့တံခါး၌ပုံ၊ ပေးလှူမည့်ပစ္စည်း၊ ပြန်သုံးမည့်ပစ္စည်း စသည်ဖြင့် ခွဲထားလိုက်သည်။ သို့သော် ပင်ပန်းလှသော လုပ်ငန်းစဉ်အဆုံး၌ ကျွန်မ စိတ်လှုပ်ရှားကျေနပ်စွာ အသုံးပြု နိုင်မည့် လှပသောအခန်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။
အိမ်သန့်ရှင်းရေးအလုပ်က နောက်ပိုင်း ၁ ပေ ၂း၁ ကို ဖတ်သည်တွင် ကျွန်မကို အတွေးသစ်အမြင်သစ် ပေးခဲ့ သည်။ The Message စာစောင်၌ ၁ ပေ ၂း၁ ကို ဤသို့ စကားပြေပြန်ဆိုထားသည်။ ‘‘အိမ်က သန့်ရှင်းလှပါလား။ စိတ်ပုပ်စိတ်ယုတ်၊ ဟန်ဆောင်မှု၊ မနာလိုငြူစူခြင်း၊ နာကျင်…

ယုံကြည်ကိုးစားရမည့်သူ

“ငါဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ငါယုံမိတဲ့အခါတိုင်း သူတို့က ငါ့ကို နာကျင်စေတယ်” ဟူ၍ ကျွန်မသူငယ်ချင်းက မျက်ရည်ကျလျက် ပြောပြသည်။ သူယုံကြည်ရသူဟု အမှန်တကယ်တွေးထင်ထားသည့် သူ့ရည်းစားဟောင်းက သူတို့နှစ်ဦး ဇာတ်လမ်းပြတ်ပြီးပြီးချင်း၌ပင်
သူ့အကြောင်း မဟုတ်မမှန် ကောလာဟာလ စဖြန့်သည်။ ကျွန်မစိတ်မဆိုးဘဲ မနေနိုင်။ သူက ကလေးဘ၀ကို နာကျင်မှုအပြည့် ဖြတ်သန်းခဲ့ပြီးနောက် တစ်စုံတစ်ယောက်ကို ယုံကြည်ရန် မနည်းကြိုးစား ရုန်းကန် နေရချိန်တွင် ဤသို့ သစ္စာဖောက်ခံရခြင်းက လူများကို ယုံ၍ မရကြောင်း ထပ်မံအတည်ပြု သေချာစေတော့သည်။

သူ့ကို နှစ်သိမ့်ပေးနိုင်မည့် စကားလုံးများကို ကျွန်မ ကြိုးစားရှာဖွေခဲ့သည်။ ‘‘အပြည့်အ၀ ယုံကြည်ကိုးစားနိုင်သူကို ရှာတွေ့ရန် ခက်သည်ဟူသည့် သူ၏အဆို မှားယွင်းကြောင်း၊ လူအများစုမှာ အပြည့်အ၀ သနားကြင်နာတတ်ပြီး ယုံကြည်  ထိုက်သူ ဖြစ်ကြောင်း’’ကို ကျွန်မ မပြောပြနိုင်ခဲ့ပါ။ နာကျင်ခံစား ရသည့် သူ့အဖြစ်ကို ကျွန်မသိသည်၊…